Myanmar Evangelical Press သည် စာရေးဆရာများအား ပိုမိုမွေးထုတ်ပေးနိုင်ရန်ဆိုသည့် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်မှုများကို ပြုလုပ်နေသည်။
အရည်အချင်းရှိသော စာရေးဆရာများ၊ မိမိရေးသားလိုသော ခေါင်းစဥ်နှင့် ပက်သက်၍ တိတိကျကျ research လုပ်နိုင်သော စာရေးဆရာများကို grants ပေးခြင်းများ ပြုလုပ်လျက်ရှိသည်။စာရေးဆရာများ လေ့လာရေးသားလိုသော နယ်ပယ်များသည် စာရေးဆရာများ၏ ကိုယ်ပိုင်ရွေးချယ်မှုဖြစ်ပြီး ထိုနယ်ပယ်များသည် ခရစ်ယာန် ယုံကြည်မှုနှင့် ဆက်စပ်ခြင်း ရှိရပါမည်။ ဥပမာ – စီးပွားရေး၊ အလုပ်သမားရေး၊ အတွေးအခေါ် နိုင်ငံရေး၊ ပညာရေး၊ လူမှုပေါ်လစီများ စသည့် ခေါင်းစဥ်များကို MEP မှ နွေးထွေးစွာ လက်ခံလျက်ရှိပြီး ထိုခေါင်းစဥ်များသည် ခရစ်ယာန်ယုံကြည်မှုဖြင့် ဆက်စပ်နေရပါမည်။
ရေးသားမည့် စာရေးဆရာအနေဖြင့် Turabian’s Research Paper Guidelines အား တိကျစွာလိုက်နာရမည်ဖြစ်သည်။ Plagiarism ဟုခေါ်သော ကိုးကားခြင်း၊ တုပခြင်း၊ ခိုးယူခြင်းများကို ပြင်းထန်စွာ တားမြစ်ထားပါသည်။ အကယ်၍ Plagiarism case များဖြစ်ပေါ်လာပါက MEP အနေဖြင့် ယခင်ကပေးအပ်ခဲ့သော Grants အား ပြန်လည်ရုတ်ုတ်မ်းခြင်းကို ပြုလုပ်ပါမည်။ Research Paper သည် မြန်မာဘာသာဖြင့် သို့မဟုတ် အင်္ဂလိပ်ဘာသာဖြင့် ဖြစ်ရပါမည်။ အနာဂတ်တွင် MEP အနေဖြင့် အခြားသော ဘာသာစကားများကို ထောက်ပံ့ပေးနိုင်ရန် လုပ်ဆောင်လျက်ရှိပါသည်။ စိတ်ဝင်စားသူများအနေဖြင့် ဒီနေရာ ကိုနှိပ်၍ ဖောင်ဖြည့်နိုင်ပါသည်။