Address: No.645, Nwe Ni Lane(1), Ward(15), Hlaing Thar Yar, Yangon

စနစ်ကျသော ဓမ္မဗေဒ သမ္မာကျမ်းစာနည်းကျ သွန်သင်ချက်

19,000.00Ks

Title – SYSTEMATIC THEOLOGY

Author – WAYNE GRUDEM

SKU: Creative-Ideas-1-1-2-1-2-1 Category:

Description

မာတိကာ

အတိုကောက်စကားလုံးများ ကျမ်းဦးစကား

အခန်း ၁

နိသျှည်းသယျ ဒေဝဗေဒမိတ်ဆက် နိသျှည်းသယျ ဒေဝဗေဒဆိုသည်ကား အဘယ်နည်း၊ အဘယ်ကြောင့် ခရစ်ယာန် များက သင်ယူကြရသနည်း၊ အဘယ်သို့ သင်ယူရမည်နည်း။

အပိုင်း ၁ ဘုရားစကားတော် ဓမ္မအယူဝါဒ

အခန်း ၂ ဘုရားစကားတော် ဘုရားစကားတော်၏ မတူညီသော ပုံစံများ။

အခန်း ၃ သမ္မာကျမ်းစာတော် သမ္မာကျမ်းစာထဲတွင်ပါဝင်သော/ မပါဝင်သောအချက်များ။

အခန်း၄ သမ္မာကျမ်းစာ၏ သွင်ပြင်လက္ခဏာ(၄)ရပ် (၁) အမိန့်အာဏာ ကျမ်းစာသည် ဘုရားစကားတော်မှန်ကြောင်း မည်သို့ နားလည်ရမည်နည်း။

အခန်း ၅ အမှားကင်းသော သမ္မာကျမ်းစာ ကျမ်းစာတွင် အမှားတစုံတရာရှိသလား။

အခန်း ၆ သမ္မာကျမ်းစာ၏ သွင်ပြင်လက္ခဏာ (၄)ရပ်၊ (၂) ကြည်လင်ပြတ်သားခြင်း ကျမ်းစာပညာရှင်များကသာလျှင် ကျမ်းစာကို မှန်ကန်စွာနားလည်နိုင်ရသလား။

အခန်း ၇ သမ္မာကျမ်းစာ၏ သွင်ပြင်လက္ခဏာ(၄)ရပ်၊ (၃)လိုအပ်ပုံ သမ္မာကျမ်းစာရန်ရန် ဘာကြောင့်လိုအပ်သလဲ၊ ကျမ်းစာမပါဘဲ လူတ ဘုရားသခင်ကို အဘယ်မျှသိရှိနိုင်သနည်း။

အခန်း ၈ သမ္မာကျမ်းစာ၏ သွင်ပြင်လက္ခဏာ(၄)ရပ်၊ (၄)ပြည့်စုံမှု သမ္မာကျမ်းစာဖတ်ရှုခြင်းဖြင့် ဘုရားသခင်က လူများအား မည်သို့ တွေးခေါ် လုပ်ကိုင်ရန် အလိုတော်ရှိပုံ အလုံအလောက်သိရှိနိုင်သလား။

အပိုင်း ၂ ဘုရားသခင်ဓမ္မအယူဝါဒ

အခန်း ၉ ဘုရားသခင်ရှိတော်မူပုံ ဘုရားသခင်ရှိတော်မူကြောင်း မည်သို့ သိရှိနိုင်သနည်း။

အခန်း ၁ဝ ဘုရားသခင်၏ သိဉာဏ်စွမ်းရည် လူက ဘုရားသခင်ကို တကယ်သိရှိသလား၊ အဘယ်မျှ ဘုရားရှင်ကို သိရှိနိုင်သနည်း။

အခန်း ၁၁ ဘုရားသခင်၏ သွင်ပြင်လက္ခဏာ၊ “မဆက်နွယ်နိုင်သည့်” ဂုဏ်တော် ဘုရားသခင်နှင့်လူ အဘယ်သို့ ခြားနားကြသနည်း။

အခန်း ၁၂ ဘုရားသခင်၏ သွင်ပြင်လက္ခဏာ၊ “ဆက်နွယ်နိုင်သည့်” ဂုဏ်တော် ဘုရားသခင်သည် လူကဲ့သို့အသက်၊ စိတ်၊ ရုပ်ဂုဏ်တော်အဘယ်သို့ရှိသနည်း။

အခန်း ၁၃ ဘုရားသခင်၏ သွင်ပြင်လက္ခဏာ ဆက်စပ်နိုင်သည့် ဂုဏ်တော် ဘုရားသခင်သည် လူကဲ့သို့ စိတ်ဆန္ဒနှင့် ဂုဏ်တော်များအား တန်ခိုးတော်ထဲ၌ အဘယ်သို့ ဖြစ်ရသနည်း။

အခန်း ၁၄ ဘုရားသခင်ထဲရှိ ပုဂ္ဂိုလ်သုံးပါး၊ သုံးပါးတဆူ တဆူတည်းသောဘုရားဟုဆိုလျက် အဘယ်သို့ ပုဂ္ဂိုလ်သုံးပါးဟုတ်ရသနည်း။

အခန်း ၁၅ ဖန်ဆင်းခြင်း ဘုရားသခင်သည် အနန္တစကြာဝဠာကို မည်သည့်အချန်တွင် အဘယ်ကြောင့် မည်သို့ ဖန်ဆင်းတော်မူသနည်း။

အခန်း ၁၆ ဘုရားသခင်၏ထောက်ပံ့မှု အကယ်၍ ဘုရားသခင်က အရာခပ်သိမ်းထိန်းချုပ်လျှင် လူတို့၏လုပ်ဆောင်ချက် များသည်မည်သို့ အဓိပ္ပါယ်ရှိနိုင်မည်နည်း။ ဘုရားသခင်၏ အမိန့်ဥပဒေသကား အဘယ်နည်း။

အခန်း ၁၇ အံ့ဘွယ်နိမိတ်လက္ခဏာများ အံ့ဘွယ်နိမိတ်လက္ခဏာဆိုသည်မှာ အဘယ်နည်း။ ယနေ့ခေတ်ကာလတွင် တွေ့မြင်နိုင်သလား။

အခန်း ၁၈ ဆုတောင်းခြင်း ဘုရားသခင်က လူကို အဘယ်ကြောင့်ဆုတောင်းစေချင်သနည်း။ ထိရောက်စွာ မည်သို့ ဆုတောင်းရသနည်း။

အခန်း ၁၉ ကောင်းကင်တမန်များ ကောင်းကင်တမန်များသည် အဘယ်နည်း။ အဘယ်ကြောင့် ဘုရားသခင်က သူတို့ကို ဖန်ဆင်းတော်မူသနည်း။

အခန်း ၂ဝ စာတန်နှင့် မာရ်နတ်များ ယနေ့ကာလ၌ ခရစ်ယာန်များက စာတန်နှင့် နတ်များကို မည်သို့ယူဆကြသနည်း။ဝိညာဉ်စစ်ပွဲ။

အပိုင်း ၃ လူ့အကြောင်း ဓမ္မအယူဝါဒ

အခန်း ၂၁ လူကိုဖန်ဆင်းခြင်း ဘုရားသခင်က လူကိုအဘယ့်ကြောင့်ဖန်ဆင်းသနည်း။ သူနှင့်တူအောင် လူကို အဘယ်သို့ပြုလုပ်သနည်း။ ဘုရားရှင်ကျေနပ်အောင် နေ့တိုင်းမည်သို့ အသက်ရှင်ရမည်နည်း။

အခန်း ၂၂ ယောက်ျားနှင့် မိန်းမဟူသောလူ” ဘုရားသခင်သည် အဘယ်ကြောင့် လိင်နှစ်မျိုးဖန်ဆင်းသနည်း။ မတူညီသောနိယာမရှိကြသည်ဖြစ်၍ ယောက်ျားနှင့် မိန်းမတို့တန်းတူ ရှိနိုင်ကြသလား။

အခန်း ၂၃ လူ့ဇာတိသဘောသဘာဝ ကျမ်းစာက စိတ်နှင့်ပိညာဉ်ကို မည်သို့ဆိုသနည်း။ တူညီပါသလား။

အခန်း ၂၄ အပြစ် အပြစ်ဆိုသည်မှာ အဘယ်နည်း။ မည်သည့်လူက စလာသနည်း။ အင်္ဂထံမှ အပြစ်ဇာတိကို အမွေခံယူနိုင်သလား။ အဒံထံမှ ဒုစရိုက်ကို အမွေခံယူနိုင်သလား။

အခန်း ၂၅ ဘုရားသခင်နှင့် လူအကြား ပဋိညာဉ်များ ဘုရားသခင်က လူအား ဆက်နွယ်ရန် မည်သည့်ဥပဒေများ ထားရှိသနည်း။

အပိုင်း ၄ ခရစ်တော်ဓမ္မဗေဒနှင့် သန့်ရှင်းဝိညာဉ်တော်ဓမ္မဗေဒ

အခန်း ၂၆ ခရစ်တော်ပုဂ္ဂိုလ်တော်
တဦးတည်းသောသခင်ယေရှုက အဘယ်သို့ဘုရားနှင့်လူအပြည့်အဝဖြစ်နိုင်သနည်း။

အခန်း ၂၇ အပြစ်ဖြေခြင်း
ခရစ်တော်အသေခံရန် လိုသလား၊ လူ့လောကသို့ ခရစ်တော်သတင်းသုံးတော်မူ ခြင်းသည် လူတို့အတွက် ကယ်တင်ခြင်းအကျိုးရှိပါသလား။ အပြစ်ဖြေခြင်း အကြောင်းနှင့်အကျိုး။ ခရစ်တော်သည် မရဏာနိုင်ငံသို့ သက်ဆင်းခဲ့သလား။

အခန်း ၂၈ ရှင်ပြန်ထမြောက်ခြင်းနှင့် ကောင်းကင်ဘုံယံသို့ကြွမြန်းခြင်း ခရစ်တော်၏ ရှင်ပြန်ထမြောက်သောရုပ်ခန္ဓာကိုယ်သည် အဘယ်သို့ရှိသနည်း။ လူတို့အတွက် မည်သည့်အချက်ပြသသနည်း။ ကောင်းကင်ဘုံသို့ ပြန်လည်ကြွမြန်းတော်မူသောအခါ အဘယ်သို့ရှိသနည်း။ ယေရှုခရစ်တော်၏ နိုင်ငံတော်သည် အဘယ်သို့နည်း။

အခန်း ၂၉ ခရစ်တော်၏အမှုတော်များ ခရစ်တော်သည် အဘယ်သို့ပရောဖက်၊ ယဇ်ပုရောဟိတ်ရှင်ဘုရင်ဖြစ်ရသနည်း။

အခန်း ၃ဝ သန့်ရှင်းဝိညာဉ်တော်၏အမှုတော် သမ္မာကျမ်းစာလာသမိုင်းကြောင်းတလျှောက်၌ သန့်ရှင်းဝိညာဉ်တော်ထူးခြားသော လှုပ်ရှားမှုများသည် အဘယ်သို့နည်း။

အပိုင်း ၅ ရွေးနှုတ်ခြင်းပြုတော်မူချက်အယူဝါဒ

အခန်း ၃၁ လူတိုင်းသို့ ကျေးဇူးတော် မယုံကြည်သူ၊ ယုံကြည်သူနှစ်ပါးစလုံးအပေါ်သို့ ဘုရားသခင်က မည်သည့်ကောင်းချီးမင်္ဂလာများ ပြုတော်မူသနည်း။

အခန်း ၃၂ ရွေးကောက်ခြင်းနှင့် အကျင့်ပျက်အလ္လာဇီ ဘုရားသခင်က အချို့ကို အဘယ်ကြောင့်မည်သည့်အချိန်တွင် ရွေးချယ်သနည်း။ အချို့ကို အဘယ်ကြောင့် မရွေးချယ်သနည်း။

အခန်း ၃၃ သတင်းကောင်း၏ ဖိတ်ခေါ်ခြင်းနှင့် ထက်မြတ်သောဖိတ်ခေါ်ချက် သတင်းကောင်းစကားဆိုသည်မှာ အဘယ်နည်း။ အဘယ်သို့ထက်မြတ်လာနိုင်သနည်း။

အခန်း၃၄ တဖန်မွေးဖွားခြင်း အသစ်မွေးဖွားခြင်းဆိုသည်မှာ အဘယ်နည်း။

အခန်း ၃၅ အသက်တာပြောင်းလဲခြင်း (ယုံကြည်ခြင်းနှင့်နောင်တ)
စစ်မှန်သောနောင်တဆိုသည်မှာ အဘယ်နည်း။ ကယ်တင်ခြင်းအကျွတ်တရား ယုံကြည်မှုဆိုသည်မှာ အဘယ်နည်း။ လူက သခင်ယေရှုကိုသခင်ကဲ့သို့မဟုတ်ဘဲ ကယ်တင်ရှင်အဖြစ် လက်ခံနိုင်သလား

အခန်း ၃၆ ဖြောင့်မတ်ရာသို့ ရောက်ခြင်း (ဘုရားရှေ့တော်၌ တရားဝင်ရပ်တည်ခွင့်) ဘုရားရှေ့တော်၌ တရားဝင်ရပ်တည်နိုင်ရန် မည်သည့်အချိန်၌မည်သို့ရရှိသနည်း။

အခန်း ၃၇ မွေးစားခြင်း (ဘုရားမိသားစုထဲသို့ မိသားစုဝင်ဖြစ်သွားခြင်း) ဘုရားသခင်၏ မိသားစုဝင်ဖြစ်သွားသောအခါ မည်သည့်အကျိုးရှိသနည်း။

အခန်း ၃၈ စင်ကြယ်ခြင်း (ခရစ်တော်ကဲ့သို့ဖြစ်ရန် ကြီးထွားခြင်း) ရင့်ကျက်သောခရစ်ယာန်ဖြစ်ရန် မည်သို့ ကြီးထွားရသနည်း။ ခရစ်ယာန်အသက်တာကြီးထွားခြင်း၏ အကျိုးကား အဘယ်နည်း။

အခန်း ၃၉ ဗတ္တိဇံမင်္ဂလာခံယူခြင်းနှင့် သန့် ရှင်းဝိညာဉ်တော်ဖြည့်ဆည်းခြင်း အသက်တာပြောင်းလဲပြီးမှ သန့်ရှင်းဝိညာဉ်တော်ထဲ၌ ဗတ္တိဇံခံယူရမည်လား။ သန့် ရှင်းဝိညာဉ်တော်ပြည့်ပခြင်းဆိုသည်မှာ အဘယ်နည်း။

အခန်း ၄ဝ သူတော်စင်တို့၏ ဇွဲလုံ့လ (ခရစ်ယာန်အစစ်) စစ်မှန်သောခရစ်ယာန်သည် ရရှိထားသောကယ်တင်ခြင်းပြန်လည်ဆုံးရှုံးနိုင်သလား။ အသစ်မွေးဖွားခြင်းမှန်ကြောင်း မိမိကိုယ်ကို မည်သို့သိရှိနိုင်သနည်း။

အခန်း ၄၁ သေလွန်ခြင်းနှင့် ကြားကာလအခြေအနေ ခရစ်ယာန်အသက်တာ၌ သေခြင်း၏ရည်မှန်းချက်သည် အဘယ်နည်း။ သေဆုံးသည့်အခါ ရုပ်ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်မည်သို့ ဖြစ်သွားသနည်း။

အခန်း ၄၂ ဘုန်းတန်ခိုးထင်ရှားခြင်း (ယမြောက်ခန္ဓာကိုယ်ရရှိခြင်း) မည်သည့်အချိန်တွင် ထမြောက်ခန္ဓာကိုယ်ရရှိမည်နည်း။ ဘာနှင့် တူကြမည်နည်း။

အခန်း ၄၃ ခရစ်တော်နှင့် တလုံးကဝတည်းဖြစ်ခြင်း “ခရစ်တော်ထဲ၌တည်ခြင်း” သို့ “ခရစ်တော်နှင့်တလုံးတဝတည်းဖြစ်ခြင်း”ဆိုသည်မှာ အဘယ်နည်း။

အပိုင်း ၆ အသင်းတော်ဓမ္မအယူဝါဒ

အခန်း ၄၄ အသင်းတော်၊ သူ့သဘောသဘာဝ၊ အမှတ်အသားနှင့် ရည်မှန်းချက်များ အသင်းတော်ရှိရန်ဘာကြောင့် လိုအပ်သနည်း။ စစ်မှန်သောအသင်းတော်ကို မည်သို ့သိရှိမည်နည်း အသင်းတော်၏ရည်မှန်းချက်များ။

အခန်း ၄၅ အသင်းတော်စင်ကြယ်မှုနှင့် စည်းလုံးညီညွှတ်မှု ဘုရားရှင်ပိုမိုဝမ်းသာအောင်၊ မပျော်ရွှင်အောင်အသင်းတော်က မည်သို့ ပြုလုပ်သနည်း။ မည်သို့သောအသင်းတော်မျိုးတွင် ပါဝင်ရမည်နည်း။

အခန်း ၄၆ အသင်းတော်၏တန်ခိုး အသင်းတော်က မည်သို့သောအမိန့် အာဏာရှိသနည်း။ အသင်းတော်စည်းကမ်းကို မည်သို့ ပြဌါန်းကိုင်တွယ်ရမည်နည်း။

အခန်း ၄၇ အသင်းတော်၏ အုပ်စိုးမှု အသင်းတော်က မည်သို့အုပ်စိုးရမည်နည်း။ အသင်းတော်အရာရှိများကို မည်သို့ရွေးချယ်ရမည်နည်း။ အသင်းတော်တွင် အမျိုးသမီးသင်းအုပ်ခန့်ထားနိုင်ပါသလား။

အခန်း ၄၈ အသင်းတော်ထဲ၌ကျေးဇူးတော်နည်းလမ်းများ ဘုရာသခင်ကောင်းချီးချမ်းသာမျးခံစားကြရန် အသင်းတော်ထဲ၌ မည်သို့သော မတူညီခြင်းက မည်သည့်လှုပ်ရှားမှုအမျိုးမျိုး ပြုလုပ်သနည်း။ ဒေသန္တရအသင်းတော်ထဲ၌ ပါဝင်လှုပ်ရှားမှုမရှိလျှင် မည်သည့်အချက် ပျက်ကွက်သနည်း။

အခန်း ၄၉ ဗတ္တိဇံမင်္ဂလာ မည်သို့သောသူသည် ဗတ္တိဇံခရယူရမည်နည်း။ မည်သို့ပြီးစီးသွားမည်နည်း။ ဗတ္တိဇံမင်္ဂလာ၏ သဘောသည် အဘယ်သို့နည်း။

အခန်း ၅ဝ ပွဲတော်မင်္ဂလာ ပွဲတော်မင်္ဂလာ၏အနက် အဘယ်နည်း အဘယ်သို့ပါဝင်ရမည်နည်း။

အခန်း ၅၁ ကိုးကွယ်ခြင်း ဓမ္မသစ်ကျမ်းကာလ၌ ရည်ရွယ်ချက်ပြည့်စုံအောင် မည်သို့ကိုးကွယ်ရမည်နည်း။ “နံဝိညာဉ်နှင့် သမ္မာတရားဖြင့် ကိုးကွယ်ခြင်း” ဆိုသည်မှာ အဘယ်နည်း။

အခန်း ၅၂ သန့်ရှင်းဝိညာဉ်တော်လက်ဆောင် (၁) အထွေထွေမေးခွန်းများ ဝိညာဉ်ရေးရာလက်ဆောင်ဆိုသည်မှာ အဘယ်နည်း။ လက်ဆောင်ပေါင်း မည်မျှရှိသနည်း။ အချို့လက်ဆောင်များ ချုပ်ငြိမ်းကုန်ပြီလား။ ဝိညာဉ်ရေးရာလက်ဆောင်များ ရှာဖွေအသုံးပြုခြင်း။

အခန်း ၅၃ သန့်ရှင်းဝိညာဉ်တော်လက်ဆောင်များ (၂) တိကျသေချာသော လက်ဆောင်များ ဝိညာဉ်ရေးရာလက်ဆောင်များ မည်သို့သိရှိ၍ တိကျသေချာစွာသုံးရမည်နည်း။

အပိုင်း ၇ အနာဂတ္တိ ဓမ္မအယူဝါဒ

အခန်း ၅၄ ခရစ်တော်ပြန်လည်ကြွလာခြင်း၊ မည်သည့်အချိန်တွင်မည်သို့နည်း မည်သည့်အချိန်၌ မည်သို့ခရစ်တော်ပြန်လည်ကြွလာမည်နည်း။ အချိန်မရွေး ပြန်လည်ကြွလာနိုင်ပါသလား။

အခန်း ၅၅ နှစ်တထောင်
အနှစ်တစ်ထောင်အုပ်စိုးခြင်းဆိုသည်မှာ အဘယ်နည်း။ မည်သည့်အချိန်၌ စတင်မည်နည်း။ ခရစ်ယာန်များသည် ဘေးဒဏ်ကြီးကာလဖြတ်သန်းကြမှာလား။

အခန်း ၅၆ နောက်ဆုံးတရားစီရင်ခြင်းနှင့် ထာဝရအပြစ်ဒဏ် မည်သူတို့တရားစီရင်ခြင်းခံရမည်နည်း။ ငရဲပြည်ဆိုသည်မှာ အဘယ်နည်း။

အခန်း ၅၇ ကောင်းကင်သစ်နှင့် မြေကြီးသစ်။
ကောင်းကင်ဆိုသည်မှာ အဘယ်နည်း။ နေထိုင်စရာနေရာလား။ ကမ္ဘာမြေကြီးသည် မည်သို့ကွယ်ပျောက်မည်နည်း။ ကောင်းကင်သစ်နှင့် မြေကြီးသစ်တွင် နေထိုင်ခြင်းသည် ဘာနှင့်တူမည်နည်း။

နောက်ဆက်တွဲ ၁။ သမိုင်းချီသော ယုံကြည်ခြင်းသစ္စာ ခံယူချက်များ

နောက်ဆက်တွဲ ၂။ ဧဝံဂေလိဆိုင်ရာ နိသျှည်းသယျ ဒေဝဗေဒ၏ စာစုစာရင်းမှတ်စု နောက်ဆက်တွဲ ၃။ အခန်းတိုင်း၏ အဆုံးရှိ နိသျှည်းသယျ ဒေဝဗေဒ ပညာရှင်များ နာမည်စာရင်းအညွှန်း

နောက်ဆက်တွဲ ၄။ MONOGENES ဟူသော စကားလုံးကို “တပါးတည်းသော သားတော်” (သို့) “တပါးတည်းဖွားမြင်သောသား(ဩရဿ)” ဟု ပြန်ဆိုရမည်လား”။